GUSTO University leads the Digital Transformation of Learning in Myanmar

  • GUSTO Branded Mobile App အပါအဝင်၊ ပြီးပြည့်စုံတဲ့ Integrated GLMS စနစ်ဖြင့်၊ COVID-19 ကာလအတွင်း ဖြစ်နိင်သမျှအကောင်းဆုံး​သော သင်ယူလေ့လာမှု အတွေ့အကြုံကောင်းများ (the Best Possible Learning Experience) ရရှိစေရန် GUSTO University မှ ကြိုးစားပြီး ဆောင်ရွက်လျက်ရှိပါတယ်။
 
  • COVID-19 ကြောင့် ကမ္ဘာအနှံအပြားမှာရှိ ကျောင်းများပိတ်လိုက်ရတဲ့ အချ်န်မှာ ကျောင်းသားအများစုဟာ စာသင်ယူမှု အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ တချို့ကျောင်းတွေဟာ သင်ယူမှုတွေကို လုံးဝ ရပ်ပစ်လိုက်ကြပါတယ်၊ တချို့ကျောင်းများကတော့ အခမဲ့ Zoom App ဖြင့် သင်ကြားမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။ သို့ပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ နိင်ငံတကာတက္ကသိုလ်တွေမှာတော့ အဆင့်မြင့်မားတဲ့ Online Learning Platform များဖြင့် ပြီးပြည့်စုံတဲ့ Learning Experience ကို ပေးရင်း အခက်အခဲကာလမှာ ဘယ်တက္ကသိုလ်သည် ကျောင်းသားများအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိင်သလဲဆိုတာကို သက်သေပြလျက်ရှိပါတယ်။
 
  • GUSTO University သည်လည်း နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနည်းတူ Synchronous Learning Methods နှင့် Asynchronous Learning Methods ဟူသော စာသင်ကြားမှုပုံစံ (၂)မျိုးစလုံးကို ထိရောက်စွာ ပေါင်းစပ်အသုံးပြု သင်ကြားပေးနိင်စွမ်းရှိသည့် GLMS (GUSTO Learning Management System) ကို အသုံးပြုသင်ကြားပေးလျက်ရှိပါကြောင်း မြန်မာတက္ကသိုလ်တစ်ခုအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်စွာ အသိပေးတင်ပြလိုပါတယ်။
 

       

  • စာသင်ခန်းထဲမှာ Face to Face သင်ကြားခြင်းနှင့် ပုံစံတူစွာ ပြုလုပ်နိင်တဲ့၊ ဆရာနှင့်ကျောင်းသားအားလုံး တပြိုင်တည်းတွေ့ဆုံကာ ဆရာမှ Lecture ထိုက်သင့်သလို ပေး၍ ကျောင်းသားများမှာ လိုအပ်သလို မေးမြန်း ဆွေးနွေးနိင်စေရန်အတွက် Video Conferencing Software ကို GLMS စနစ်ထဲတွင် တစ်ခါတည်း Integrate ပေါင်းစပ်ထားပါတယ်။
 
  • ထို့အတွက်ကြောင့် စာသင်ကြားမှု ပြီးဆုံးပါက၊ သင်ကြားမှုမှတ်တမ်း Video file ကို GLMS အတွင်းရှိ Cloud Storage ပေါ်တွင် တစ်ခါတည်း Auto တင်ပေးသွားနိင် သောကြောင့်၊ ဆရာမှ မိမိဘာသာ Video File ကို Convert လုပ်ရခြင်း၊ YouTube (သို့မဟုတ်) တစ်ခြား Cloud Storage နေရာတွင် ထို Video File အချိန်ကုန်ခံ၍ ထပ်မံ Upload တင်ရခြင်း တို့ကို လုပ်ဆောင်ရန် မလိုတော့ပါ။ လျှပ်စစ်မီး၊ Internet Connection ကျသွားခြင်း စသော အခက်အခဲများကြောင့် Synchronous Learning Mode ဖြစ်သော Video Conferencing Session ကို အပြည့်အဝ မ Join နိင်သော ကျောင်းသားများအနေဖြင့် ထို Video File များကို GLMS စနစ် အတွင်းမှ အလွယ်တကူDownload လုပ်၍ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
 

GLMS စနစ်အတွင်း Asynchronous Learning Mode ပုံစံအဖြစ် ကျောင်းသား/သူ များအဆင်ပြေသည့်အချိန်တွင် Online မှတဆင့် အချိန်မရွေး လေ့လာသင်ယူနိုင်ရန်အတွက်  
  1. စာသင်ကြားမှုမစတင်မီ ကြိုတင်လေ့လာထားနိုင်စေရန် Paper/ Power point/ Video များကို Upload လုပ်ပေးထားနိုင်သည့် GLMS Wiki
  2. လေ့လာထားပြီးသော သင်ခန်းစာများအတွက် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုဖွဲ့၍ဖြစ်စေ အတွေးအခေါ်များ ဖလှယ်နိုင်မည့် GLMS Forum
  3. ကျောင်းသားကျောင်းသူများ၏ တတ်မြောက်မှု သေချာစေရန် အတွက် စစ်ဆေးခြင်း၊ Feedback ပေးခြင်းများကို ဆောင်ရွက်နိုင်မည့် GLMS Assignment
  4. သင်ခန်းစာတစ်ခုပြီးဆုံးတိုင်း ကောင်းမွန်စွာနားလည်မှုရှိ၊ မရှိကို စစ်ဆေးပေးမည့် ပေါ့ပါးပျော်ရွှင်စွာ ပြုလုပ်ရသော GLMS Quiz
  5. ပြုလုပ်ခဲ့ပြီးသော Activities များနှင့် ပြုလုပ်ရန် ရှိသော Activities များကို တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်မည့် GLMS Calendar
စသော function များဖြင့် ကောင်းမွန်ထိရောက်သော Online Learning Experience ရရှိအောင်ဆောင်ရွက်ပေးထားပါတယ်။    
  • ယခုလိုကောင်းမွန်တဲ့ Comprehensive GLMS Platform ကို Web Version သာမက ကျောင်းသူကျောင်းသားများ အလွယ်တကူ အသုံးပြုနိုင်စေရန် GUSTO University ၏ ကိုယ်ပိုင် GUSTO Branded Mobile App ကိုပါ Android/ iOS များအတွက် ရယူသုံးစွဲနိုင်ပြီဖြစ်ပါတယ်။ ထို့ပြင် ကျောင်းသူ ကျောင်းသား တစ်ဦးချင်းစီအတွက် gusto.edu.mm Domain Name ဖြင့် ကိုယ်ပိုင် email များကိုပါ နိုင်ငံတကာတက္ကသိုလ် ကြီးတွေအတိုင်း ပံ့ပိုးပေးထားတာကြောင့် ပို၍သာ၍ ကောင်းမွန်သော Online Learning အတွေ့အကြုံကောင်းများကို ရရှိနေကြတဲ့ GUSTO ကျောင်းသူကျောင်းသားများရဲ့ ဂုဏ်ယူပျော်ရွှင်မှုများကို ဝေမျှလိုက်ရပါတယ်။
 
  • GUSTO University ရဲ့ ထူးခြားတဲ့ အားသာချက်တစ်ခုဖြစ်တဲ့၊ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဖြစ်သော ဂျပန် NEC Networks & System Integration Corporation နဲ့ JV တည်ထောင်ထားတဲ့ iSGM ကုမ္ပဏီ၏ အကြံပေး၊ ပံ့ပိုးကူညီမှုများနဲ့အတူ၊ GUSTO University ၏ Digital Learning Platform ကို ပို၍ပို၍ ကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ဖော်ပြအပ်ပါတယ်။
  ထို့အပြင် မြန်မာနိင်ငံအတွင်းရှိ အစိုးရကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများ၏ Digital Transformation of Learning ကို ဆောင်ရွက်ရာတွင်လည်း လိုအပ်သလို အကြံပေး၊ ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။