GUSTO Innovation Awards and Forum 2019

GUSTO Univerisity နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆန်းသစ်သော တီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် GUSTO Innovation Awards and Forum ပွဲကြီးကို ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက် စနေနေ့ နံနက် ၈ နာရီခွဲမှန့လည် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel , Myanmar Ballroom တွင်ကျင်းပခဲ့ပါတယ်။ ယနေ့ခေတ်လိုမျိုး နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပြီး အပြိုင်အဆိုင်များလာတဲ့ အခြေအနေမျိုးမှာ Globalization ရဲ့သက်ရောက်မှုကြောင့်ဖြစ်စေ ၊ လျင်မြန်ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာကြောင့်ဖြစ်စေ၊ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံတကာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်လာရပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တစ်ဦးချင်းစီဖြစ်စေ ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုချင်းအနေနဲ့ဖြစ်စေ ၊ နိုင်ငံအနေနဲ့ဖြစ်စေ ကမ္ဘာပေါ်မှာရှိနေတဲ့ အခြားအဖွဲ့အစည်း အခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဆိုရင်​မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေ စီးပွားရေးအဖွဲ့အစည်းတွေ နိုင်ငံကိုယ်တိုင်ကအစ အများနှင့်မတူသော ဆန်းသစ်တီထွင်နိုင်စွမ်း ဖန်တီးနိုင်စွမ်းများ ရှိဖို့လိုအပ်လာပါပြီ။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖန်တီးနိုင်စွမ်းအားကို အားပေးမြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် GUSTO university နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းပီး ပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီပွဲမှာ GUSTO ကျောင်းသားကျောင်းသူတွေရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာတီထွင်မှုတွေကို လေ့လာနိုင်မယ့် အပြင် ယနေ့ခေတ် Innovation ရဲ့ အရေးပါပုံ၊ တီထွင်ဉာဏ်ကြောင့် ​ အောင်မြင်မှုပန်းတိုင်ကို ပိုမိုလျှင်မြန်စွာရာက်ရှိနိုင်ပုံ စသော အကြောင်းအရာတွေကို နည်းပညာနှင့် စီးပွားရေးနယ်ပါယ်များမှအောင်မြင်သူတွေက ဝေမျှဟောပြောပေးခဲ့ပါတယ်။ ထိုပွဲအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့်ကျင်းပခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် GUSTO ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာတီထွင်မှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်တွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှ Innovation and Entrepreneurship ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ 7Days News Media & Information Matrix မှ CEO ဦးသောင်းစုငြိမ်းမှ 2020: Innovate or Die ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Mandalay Technology ရဲ့ CEO & Managing Director ဒေါက်တာဇော်နိုင်က Managerial and Leadership Qualities, Competencies and Skills for 21 st century leaders of Innovative Organizations ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောပြသွားခဲ့ပါတယ်။