Google မှ နည်းပညာရှင်များ GUSTO University သို့လာရောက်၍ ကျောင်းသူကျောင်းသားများနှင့်တွေ့ဆုံဆွေးနွေး

GUSTO ကျောင်းသူကျောင်းသားလူငယ်များ အနေဖြင့် နည်းပညာဗဟုသုတများ တိုးပွား၍ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်၊ စိတ်ဓာတ်တက်ကြွပြီး သင်ယူမှုတွင် ပိုမိုပျော်မွေ့လာစေရန် အတွက် Google မှ နည်းပညာရှင်များနဲ့ တွေ့ဆုံပြီး နည်းပညာများ ဖလှယ်ခဲ့ကြပါတယ်။ IT နဲ့ပက်သက်ပြီး သိလိုသမျှအကြောင်းစုံကို World-Class Professional တွေဆီကနေ လေ့လာမေးမြန်းလို့ရခဲ့တဲ့အတွက် GUSTO ကျောင်းသားကျောင်းသူတွေအတွက် ရတောင့်ရခဲအခွင့်အရေးတစ်ရပ်ပါပဲ။ GUSTO University အနေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် အမြင့်မားဆုံး ပညာရေး သာမက နိုင်ငံတကာ အတွေ့အကြုံဗဟုသုတတွေ တိုးပွားလာစေမယ့် သင်ယူမှုအတွေ့အကြုံတွေ ရအောင်ပါ ဆောင်ရွက်လျက်ရှိပါတယ်။